What is Cloud Storage ?

Cloud storage 

Cloud storage ဆိုတာဘာလဲ ဘယ်လိုအသုံးပြုရပါသလဲ

ကဲ ယခုခေတ်မှာရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး ခေါင်းစဉ်လေးတစ်ခုရှိပါတယ် အဲ့ဒါကတော့   ဆိုတာပါ။ အရင်တုန်းကဆိုရင်တစ်ခုခုကြည့်ချင်တာမျိုးတွေ တစ်ခုခုကိုသိမ်းချင်တာမျိုးတွေရှိရင် အခွေဆိုင်တွေပြေးကြရတာကိုမှတ်မိကြအုံးမယ်ထင်ပါတယ်။ နောက်ပိုင်းမှာတော့ USB stick, Memory card တွေပေါ်လာပြီးတော့ ကိုယ့်ရဲ့ဒေတာတွေကိုသိမ်းဆည်းခဲ့ကြပါတယ်။ ပမာဏများများနဲ့သိမ်းဆည်းလို့ရတာကတော့ Hard Disk  DVD disc ပြားတွေပါ။ နောက်ပိုင်းမှာတော့ Online မှာသိမ်းဆည်းလို့ရတဲ့ ဝန်ဆောင်မှုကိုစတင်မိတ်ဆက်ခဲ့ပါတော့တယ်။ မြန်မာပြည်မှာတော့ ၂၀၁၉ ခုနစ်လောက်ကနေမှခေတ်စားလာခဲ့ပါတယ်။ မြန်မာတွေနဲ့အများဆုံးထိတွေ့ဖြစ်တဲ့  Online storage ဝန်ဆောင်မှုကတော့ Google Drive ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Online Storage ဝန်ဆောင်မှုများဟာဒီထက်ပိုမိုများပြားလာခဲ့ပါတယ်။ တစ်ခုနှင့်တစ်ခုဝန်ဆောင်မှုတွေကလည်းမတူသလို အမြန်နှုန်းတွေသိုလှေင်သိမ်းဆည်းနိုင်တဲ့ပမာဏတွေဟာလည်းမတူကြပါဘူး။ 

နားလည်အောင်တစ်နည်းပြောရမယ်ဆိုရင်မိမိရဲ့ကိုယ်ပိုင်သိမ်းဆည်းလိုတဲ့ဖိုင်ကိုအင်တာနက်ပေါ်ကနေ Online storage ဝန်ဆောင်မှုပေးနေတဲ့ Main Server ဆီကိုပို့ဆောင်ကာ  ထို Provider  ကမိမိရဲ့ဖိုင်ကိုသူတို့ရဲ့  Own Storage  ဆာဗာများမှာသိမ်းဆည်းထားပြီး မိမိအလိုရှိတဲ့အချိန်ဘယ်အချိန်ဘယ်နေရာကပဲဖြစ်ဖြစ် ဒေါင်းယူသုံးစွဲနိုင်အောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့်မိမိဖုန်း ကွန်ပျူတာ တက်ဘလက် နှင့် အခြားသော Device  များမှဖိုင်များကိုလက်ဝယ်သိမ်းဆည်းထားစရာမလိုတော့ပဲ ဖိုင်အသစ်များအတွက် သိုလှောင်ရန်နေရာများကိုရရှိနိုင်မှာဖြစ်ပါတယ်။

ယခုခေတ်အခါမှာတော့  Content creator များ  ရုပ်ရှင်များ ဗီဒီယိုများနှင့် ဖန်တီးပြုလုပ်ထားတဲ့အရာများကိုသိမ်းဆည်းဖို့အတွက် လူတော်တော်များများဟာ Online Storage ဝန်ဆောင်မှုကိုအသုံးပြုဖို့စဉ်းစားလာကြပါတယ်။ 

 Online Storag ရဲ့အားသာချက်က ဘယ်အချိန်ဘယ်နေရာကနေပဲဖြစ်ဖြစ် ဖိုင်များကိုအလွယ်တကူသုံးစွဲလို့ရသလို ဒေါင်းယူစရာမလိုပဲတိုက်ရိုက်အသုံးပြုနိုင်တာမျိုးတွေပါရှိလို့  content creator ကြားမှာတော့ရေပန်းစားပါတယ်။

uiuiu

Comments